• Home
  • Transfer News
  • ဆွီဒင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဂရေဟမ်ပေါ်တာ ခန့်အပ်ခံရ

ဆွီဒင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဂရေဟမ်ပေါ်တာ ခန့်အပ်ခံရ

ပြီးခဲ့တဲ့ စက်တင်ဘာလက ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ်ပေါ်တာဟာ ဆွီဒင်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုးပွဲတွေဆက်ပြီး ရလဒ်တွေဆိုးခဲ့တာကြောင့် ဆွီဒင်ဘောလုံးအဖွဲချုပ်က နည်းပြ တိုမာဆန်ကို ရာထူးက ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုအောက်ဆုံးရောက်နေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို မျှော်လင့်ချက်မရှိတော့ဘဲ Play-offs ယှဉ်ပြိုင်ခွင့်ရဖိုသာ ကြိုးစားရတော့မှာပါ။

ဒါပေမဲ့ Nations League ရလဒ်အရလည်း Play-offs ယှဉ်ပြိုင်ခွင့်ရဖို အခွင့်အရေးရှိနေတာကြောင့် ဆွီဒင်ဘောလုံးအဖွဲချုပ်က ဂရေဟမ်ပေါ်တာကို လောလောဆယ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအထိသာ ကာလတိုနဲ့ ခန့်အပ်ထားပြီး ခြေစစ်ပွဲအောင်မြင်မှသာ ကာလရှည်စာချုပ် ချုပ်ဆိုသွားမယ်လို သိရပါတယ်။

နည်းပြဘဝကို ဆွီဒင်နိုင်ငံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ ဂရေဟမ်ပေါ်တာကတော့ ဆွီဒင်အသင်းမှာ ထိပ်တန်းအဆင့် ကစားသမားတွေရှိနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ချီတက်နိုင်မယ်လို ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...