• Home
  • Football News
  • ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ

ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ

ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ

အဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။

အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး FAဘက်က ဘာမှရှင်းလင်းချက်မပေးဘူးလို့ ပြောကြားခဲ့တာပါ။

ဂေးယီ(၃၆ နှစ်)ဟာ မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော် မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့ အနီကတ် ပြသခံခဲ့ရပါတယ်။

ဒေးဗစ်မွိုက်စ်က ”အနီကတ်ကို ကျွန်တော်တို့ အယူခံဝင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အယူခံ ပယ်ချခံခဲ့ရပါတယ်။ ဘာကြောင့် ပယ်ချသလဲဆိုတာ ကျွန်တော်တို့ကို ဖြေရှင်းချက် မပေးပါဘူး။ အဲဒီအရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အယူခံထပ်ဝင်ခဲ့ပါတယ်”လို့ ဒေးဗစ်မွိုက်စ်က ပြောခဲ့ပါတယ်။

စည်းမျဉ်းဥပဒေအရ ခိုက်ရန်ဖြစ်ပွားမှုတွေကို သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်လေ့ရှိပါတယ်။

ဒါကြောင့် ဂေးယီဟာ နယူးကာဆယ်၊ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့နဲ့ ကစားမယ့်ပွဲတွေကို လွဲချော်ရဖို့ များပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...
27 November 2025
တစ်ပွဲတည်းလေးဂိုးသွင်းတာဟာ ဘာပေနဲ့ရင်းနှီးပြီးသားအရာပါ။
တစ်ပွဲတည်းလေးဂိုးသွင်းတာဟာ ဘာပေနဲ့ ရင်းနှီးပြီးသားအရာပါ။သူ့ရဲ့ကစားသမားဘဝမှာ တစ်ပွဲတည်းလေးဂိုးနဲ့အထက်သွင်းတာ လေးကြိမ်အထိ ရှိခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်ပွဲချိန်၂၉ မိနစ်မတိုင်ခင်...