• Home
  • Football News
  • ယိုကယ်ရက်စ်က ဂိုးမသွင်းပေမဲ့ အာဆင်နယ်အသင်းကို တိုးတက်စေတယ်လို အလန်ရှီးယား ပြောကြား

ယိုကယ်ရက်စ်က ဂိုးမသွင်းပေမဲ့ အာဆင်နယ်အသင်းကို တိုးတက်စေတယ်လို အလန်ရှီးယား ပြောကြား

ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက အာဆင်နယ်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ ဂိုးမသွင်းပေမဲ့ အသင်းကို တိုးတက်စေတယ်လို ကာကွယ်ပြောကြားခဲ့ပါတယ်။

ဒီနှစ် နွေရာသီမှာ စပိုတင်းလစ္စဘွန်းကနေ အာဆင်နယ်အသင်းကို ပေါင်(၆၄)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၃)ဂိုးသာ သွင်းယူထားနိုင်တဲ့အပြင် နောက်ဆုံး(၇)ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

ဒါပေမဲ့ အလန်ရှီးယားက ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ခေါ်ယူမှုဖြစ်ကြောင်းနဲ့ အသင်းကို တိုးတက်စေခဲ့ကြောင်း သုံးသပ်ခဲ့တာပါ။

”သူက ကျွန်တော်တို မြင်တွေ့ခဲ့ဖူးတဲ့ တိုက်စစ်မှူး သုံးယောက်ရဲ့ အဆင့်အတန်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကွဲပြားခြားနားတဲ့အရာကို ယူဆောင်လာပြီး အသင်းကို သေချာပေါက် တိုးတက်စေပါတယ်။ သူက တခြားသူတွေအတွက် နေရာလွတ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟာဗက်ဇ်နဲ့ မယ်ရီနိုတို ကစားခဲ့ချိန်မှာ ပြိုင်ဘက်တွေအနေနဲ့ ကာကွယ်ရတာ ပိုလွယ်ကူခဲ့ပါတယ်” လို အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အလန်ရှီးယားက ယိုကယ်ရက်စ်အနေနဲ့ စပိုတင်းလစ္စဘွန်းက ဂိုးသွင်းနှုန်းမျိုး အာဆင်နယ်အသင်းမှာ သွင်းယူနိုင်ဖိုတော့ မဖြစ်နိုင်ဘူးလို ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...