
နယူးကာဆယ်အသင်းဟာ ဆောက်သမ်တန်အသင်းက အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို ဆွေးနွေးနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်း ရမ်းစ်ဒေးလ်(၂၇ နှစ်)ဟာ ဆောက်သမ်တန်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲဖို စီစဉ်နေသူဖြစ်ပါတယ်။
နယူးကာဆယ်အသင်းက လက်ရှိလူစာရင်းမှာ ဂိုးသမား(၅)ဦးရှိနေပေမဲ့ အသက်(၃၀)အထက်တွေချည်းဖြစ်နေတာကြောင့် ရမ်းစ်ဒေးလ်ကို ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းက ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖိုဒ်ကို ပစ်မှတ်ထားခဲ့ပေမဲ့ မန်စီးတီးအသင်းက လက်ဦးသွားခဲ့တာကြောင့် ရမ်းစ်ဒေးလ်ဘက်ကို ဦးလှည့်လာခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
နယူးကာဆယ်အသင်းက ရမ်းစ်ဒေးလ်ကို အငှားစာချုပ်နဲ့ ခေါ်ယူပြီးမှ အပြီးသတ်ခေါ်ယူဖို ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။









