• Home
  • Transfer News
  • မန်စီးတီးနဲ့ လမ်းခွဲပြီးရင် (၁၅)နှစ်လောက်အထိ အနားယူနိုင်ဖွယ်ရှိတယ်လို ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနဲ့ လမ်းခွဲပြီးရင် (၁၅)နှစ်လောက်အထိ အနားယူနိုင်ဖွယ်ရှိတယ်လို ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်စီးတီးနဲ့ လမ်းခွဲပြီးရင် နည်းပြဘဝကနေ (၁၅)နှစ်လောက်အထိ အနားယူဖွယ်ရှိတယ်လို ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာ(၅၄ နှစ်)ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူပါ။

ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ (၅)နှစ်၊ ဘိုင်ယန်မြူးနစ်အသင်းမှာ (၃)နှစ်သာ ဖြတ်သန်းခဲ့ပေမဲ့ မန်စီးတီးအသင်းမှာတော့ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်နေပါပြီ။

မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးထားတဲ့ ဂွါဒီယိုလာက သက်တမ်းကုန်ရင် သေချာပေါက်လမ်းခွဲမယ်လို ပြောကြားခဲ့ဖူးသလို၊ အဲဒီလိုလမ်းခွဲပြီးရင် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူမယ်လို ထပ်မံပြောကြားခဲ့တာပါ။

”စီးတီးနဲ့ စာချုပ်ကုန်ရင် ကျွန်တော် ရပ်နားမှာတော့ သေချာပါတယ်။ ဘယ်လောက်ကြာမလဲတော့ မသိပါဘူး။ တစ်နှစ်လား၊ နှစ်နှစ်လား၊ သုံးနှစ်လား၊ ငါးနှစ်လား၊ ဆယ်နှစ်လား၊ ဆယ့်ငါးနှစ်လား ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ရပ်နားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ရပ်နားဖို လိုအပ်ပြီး ကိုယ့်ကိုယ်ကို၊ ကိုယ့်ခန္ဓာကိုယ်ကို အာရုံစိုက်ဖို လိုအပ်လိုပါ”လို ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...