
မန်ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်လာတဲ့ လမ်မန်းစ်က မိမိဟာ ရှမိုက်ကယ်ကို
ပုံဖျက်ထားတာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။
၂၃ နှစ်သာရှိသေးတဲ့ လမ်မန်းစ်ဟာ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းကနေ ပေါင် ၁၈.၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ပထမဆုံးသုံးပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမဲ့ ဆန်းဒါးလန်းနဲ့ပွဲကစပြီး မန်ယူနိုက်တက်အတွက် သုံးပွဲဆက်တိုက် ပွဲထွက်ကစားခဲ့ရပါတယ်။
”ပွဲအတွင်းမှာ ကျွန်တော် အသံတွေကို သိပ်နားမထောင်ပါဘူး။ ဒါပေမဲ့ နောက်မှာတော့ ပြန်တွေ့ရပါတယ်။ ကျွန်တော်ဟာ ရှမိုက်ကယ်ကို ပုံဖျက်ထားတာမဟုတ်ပါဘူး။ အသင်းကိုကူညီမယ့်
ဆန်းလမ်မန်းစ်သာဖြစ်ပါတယ်”လို လမ်မန်းစ်က
ပြောခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက မန်ယူနိုက်တက်အသင်းမှာ ဖိအားဒဏ်ကို မကြောက်ရွံဘူးလိုလည်း ဆိုခဲ့ပါတယ်။









