
လက်ဝှေ့ကြိုးဝိုင်းအတွင်း တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ နာမည်ကြီး ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းက အမေရိကန်လက်ဝှေ့သမားဟောင်း မေဝယ်သာနဲ့ မကျေပွဲအတွက် သဘောတူညီမှုရဖို နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၎င်းတိုနှစ်ဦးဟာ ၂၀၁၅ ခုနှစ် မေလတုန်းက အမေရိကန်နိုင်ငံမှာ ထိုးသတ်ခဲ့ဖူးပြီး မေဝယ်သာက ဒိုင်သုံးဦးစလုံးရဲ့ အမှတ်ပေးမှုနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲမှာ ”ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲ” အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဝင်ငွေရရှိမှုလည်း စံချိန်တင်ခဲ့ပါတယ်။
” မေဝယ်သာရဲ့အဖွဲနဲ့ မကျေပွဲအတွက် ဆွေးနွေးနေပါတယ်။ နေရာကတော့ လတ်စ်ဗေးဂတ်စ်မှာ ဖြစ်နိုင်ပါတယ်။ ပွဲထိုးဖြစ်ဖိုက ကျွန်တော်တို အပြန်အလှန်နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။ ကျွန်တော့်လူတွေနဲ့ သူ့လူတွေ တိုက်ရိုက်ညှိနှိင်းဆောင်ရွက်နေပါတယ်” လို ပက်ကီယောင်းက ပြောကြားခဲ့ပါတယ်။
ပက်ကီယောင်း (၄၆ နှစ်) ဟာ ၂၀၂၁ ခုနှစ်မှာ အနားယူပြီးနောက် ဇူလိုင်လအတွင်း WBC ဝယ်လ်တာဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲအဖြစ် တစ်ကျော့ပြန်ထိုးသတ်ရာ သရေကျထားပါတယ်။
မေဝယ်သာ (၄၈ နှစ်) ဟာလည်း ၂၀၁၇ ခုနှစ်မှာ အနားယူပြီးနောက် သရုပ်ပြပွဲတွေသာ ထိုးသတ်လျက်ရှိပါတယ်။






