• Home
  • Football News
  • Premier League
  • ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို မာရက်စကာ ပြောကြား

ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို မာရက်စကာ ပြောကြား

ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို့ မာရက်စကာ ပြောကြား

ချယ်လ်ဆီးနည်းပြ မာရက်စကာက အင်္ဂလန်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပါလ်မာဟာ လက်ရှိအချိန်မှာ ပေါင်ခြံဒဏ်ရာရရှိနေပြီး ပိုမိုဆိုးရွားမသွားစေဖို့နဲ့ အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့အတွက် မာရက်စကာက အခုလိုဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

”ကိုးလ်ရဲ့ဒဏ်ရာ ပိုဆိုးရွားမသွားအောင် နည်းနည်းလောက်ကာကွယ်ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ။ သူ့ကို ရာနှုန်းပြည့်ကြံ့ခိုင်မှုနဲ့ ပြန်တွေ့ရဖို့ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမှာပါ” လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ပါလ်မာအနေနဲ့ လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်သလို၊ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲ၊ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုလည်း လွဲချော်ရမယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေပြီး ဘရိုက်တန်နဲ့ပွဲကို လွဲချော်မယ့် ကစားသမား(၁၀)ယောက်လောက် ရှိနေတယ်လို့ သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...