• Home
  • Boxing MMA
  • Dillon Danis နှင့် Eddie Hall တို၏ ထိုးသတ်ပွဲ ဖြစ်မြောက်နိုင်ခြေရှိဟု သတင်းထွက်ပေါ်

Dillon Danis နှင့် Eddie Hall တို၏ ထိုးသတ်ပွဲ ဖြစ်မြောက်နိုင်ခြေရှိဟု သတင်းထွက်ပေါ်

ကမ္ဘာ့အသန်မာဆုံးလူသားဟောင်း အက်ဒီဟော (Eddie Hall) နဲ့ MMA တိုက်ခိုက်ရေးသမား ဒေလွန်ဒန်းနစ် (Dillon Danis) တိုဟာ သူတိုနှစ်ဦး တိုက်ခိုက်ကြမယ့်ပွဲ ဖြစ်မြောက်ရေးအတွက် လူမှုကွန်ရက်စာမျက်နှာတွေကနေ အရိပ်အမြွက် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပွဲဖြစ်မြောက်ဖို သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပွဲကျင်းပမယ့်ရက်၊ နေရာနဲ့ စီစဉ်မယ့်အဖွဲအစည်းတွေကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ဟောက မကြာမီကာလမှာ ဒန်းနစ်နဲ့ ထိုးသတ်ဖွယ်ရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်ရေးသမားနှစ်ဦးဟာ အရင်ကလည်း ထိုးသတ်ဖို စိတ်ဝင်စားကြောင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

၆ ပေ ၂ လက်မ အရပ်နဲ့ ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်ရှိတဲ့ ဟောဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက KSW ပြိုင်ပွဲမှာ Mariusz Pudzianowski ကို အနိုင်ယူပြီး MMA လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ အခုအခါမှာတော့ ပြိုင်ဘက် ဒန်းနစ်နဲ့အတူ နောက်ထပ် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ဖို အသင့်ဖြစ်နေပုံရပါတယ်။

MMA Fighting သတင်းဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းဖော်ပြချက်အရ ဟောနဲ့ ဒန်းနစ်တိုရဲ့ ထိုးသတ်ပွဲဟာ ဖြစ်မြောက်နိုင်ခြေရှိပြီး တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးပေမယ့် ပွဲစဉ်ကို လက်ရှိမှာ စီစဉ်နေကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထား
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထားဟောင်း UFC ဝယ်လ်တာဝိတ် ချန်ပီယံသည် RAF တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရန် ရှိနေသည်။ ဘီလယ်လ်...
27 November 2025
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း!
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း! ဟဲဗီးဝိတ်တန်းကို ကျောနဲ့ထမ်းချင်ပါတယ်လို့ “Salsa Boy” က ကြွေးကြော် ၂၀၂၅ ရဲ့ ထွန်းတောက်လာတဲ့...
21 November 2025
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို့ တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ Ilia Topuria နဲ့ Paddy Pimblett တို့ကြားက မပြေလည်မှုဟာ သူတို့နှစ်ဦးစလုံးဟာ လာမယ့်ပွဲတွေအတွက်...
20 November 2025
UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov
Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ...
19 November 2025
UFC 322 တွင် ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်လာသည့် အစ္စလာမ်မက္ခချပ်၏ ခြေစွမ်းကို အာမန်ဆာရူကီယန် အံ့အားသင့်ချီးကျူး
ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ်...