
အာဆင်နယ်ရဲ့အနာဂတ်မှာ ဆာကာ၊ ဆာလီဘာတို့ကို ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ရှိစေချင်တယ်လို့ အာတေတာ ပြောကြား
အာဆင်နယ်အသင်းနည်းပြ အာတေတာက အသင်းအနာဂတ်မှာ ဆာကာ၊ ဆာလီဘာတို့ကို ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ရှိစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးရဲ့စာချုပ်သစ်အကြောင်း ပြောကြားရာမှာ အာတေတာက အခုလို ပြောခဲ့တာဖြစ်တယ်။
အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဆာကာနဲ့ ဆာလီဘာတို့ နှစ်ဦးစလုံးဟာ စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်တော့ပြီး ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးပါလိမ့်မယ်။
နောက်ခံအတွင်းလူ ဆာလီဘာကတော့ ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုတယ်လို့ ဝန်ခံခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆာလီဘာရဲ့တွဲဖက် ဂါဘရီယဲလ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးထားပြီး နွမ်နယ်ရီ၊ လူးဝစ်ဆကယ်လီတို့ကိုလည်း ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။









