
မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က ဘာယင်ဒယ်ကို နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်ထားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံလူငယ်ဂိုးသမား လမ်းမန်းစ်ကလည်း နံပါတ်တစ်ဂိုးသမားဖြစ်လာဖို့ အလားအလာရှိသူလို့ မှတ်ချက်ပြုခဲ့ပါတယ်။
လမ်းမန်းစ်(၂၃ နှစ်)ဟာ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းကနေ ပေါင် ၁၈.၁ သန်းနဲ့ ရောက်ရှိလာတာဖြစ်တယ်။
ဘာယင်ဒယ်ကတော့ အခုရာသီသစ် ပရီးမီးယား လိဂ် သုံးပွဲစလုံး ပွဲထွက်ကစားခွင့်ရပါတယ်။
ဒါပေမဲ့ အာဆင်နယ်၊ ဘန်လေတို့နဲ့ပွဲတွေမှာ ပေးခဲ့ရတဲ့ဂိုးတွေက သူ့ရဲ့အမှားနဲ့ မကင်းခဲ့ပါဘူး။
ဘာယင်ဒယ်(၂၇ နှစ်)အနေနဲ့ ပြီးခဲ့တဲ့ဧပြီလကမှ ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားခဲ့ရတာ ဖြစ်ပါတယ်။
အာမိုရင်မ်က မန်ချက်စတာဒါဘီပွဲမှာ မေဆန်မောင့်၊ ကူညာ၊ ဒါလော့တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူးလို့လည်း အတည်ပြု ပြောကြားခဲ့ပါတယ်။









