
ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလီဗန်က နည်းပြ ဂရေဟမ်ပေါ်တာကို နှစ်ပွဲပဲ အချိန်ပေးတော့မယ်လို့ ဗြိတိန်ဂျာနယ်လစ်တချို့က ဆိုခဲ့ကြပါတယ်။
ဂရေဟမ်ပေါ်တာဟာ ဝက်စ်ဟမ်းနည်းပြအဖြစ် ၂၀၂၅ ဇန်နဝါရီမှာ စတင်ဆောင်ရွက်ခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့ (၂၁)ပွဲမှာ (၅)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၁၁)ပွဲရှုံးထားပါတယ်။
ဒီနှစ် ရာသီအစမှာပဲ ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးရောက်နေတာကြောင့် ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေက နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားလာကြောင်း သိရပါတယ်။
ဒေးဗစ်ဆူလီဗန်က ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဂရေဟမ်ပေါ်တာကို ချက်ချင်းထုတ်ပယ်ဦးမှာမဟုတ်ပေမဲ့ လာမယ့်ပွဲစဉ် နှစ်ပွဲမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ရင်တော့ ထုတ်ပယ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လိဂ်ဖလားဒုတိယအဆင့်မှာ ဝုလ်ဗ်၊ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။









