• Home
  • Football News
  • Premier League
  • အသင်းအနေနဲ့ တိုးတက်မှုရှိဖို လိုအပ်နေတယ်လို အာမိုရင်မ် ပြောကြား

အသင်းအနေနဲ့ တိုးတက်မှုရှိဖို လိုအပ်နေတယ်လို အာမိုရင်မ် ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အသင်းအနေနဲ့ တိုးတက်မှုရှိဖို့ လိုအပ်နေတယ်လို့ ဖူလ်ဟမ်နဲ့ သရေကျတဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲမှာ ဖူလ်ဟမ်နဲ့ သရေကျခဲ့တာပါ။

ဒါကြောင့် အာမိုရင်မ်အနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်(၂၉)ပွဲမှာ (၂၈)မှတ်သာ ရယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

”ကျွန်တော်တို့ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လိုကစားနေသလဲဆိုတာ မေ့သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွင်းထဲမှာရှိတဲ့လူတိုင်းက အခွင့်အရေးကို ဆုပ်ကိုင်ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲဒီအခိုက်အတန့်မှာ သက်သောင့်သက်သာနဲ့ ပြိုင်ဘက်ကို ဖိအားပေးကစားရမှာပါ။ ကျွန်တော်တို့က ပြင်းပြင်းထန်ထန်ဖိကစားဖို့ ကြိုးစားခဲ့လို့ နေရာလွတ်အများကြီးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်မှုရှိဖို့ အများကြီးလိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ သြဂုတ်(၂၇)ရက်နေ့မှာ Grimsby Town အသင်းနဲ့ လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာတော့ ဘန်လေနဲ့ ရင်ဆိုင်ရမှာပါ။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...