
နယူးကာဆယ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လက်ရှိချန်ပီယံ လီဗာပူးလ်က ရာသီအဖွင့်ပွဲမှာ ဘုန်းမောက်ကို တိုက်စစ်ခြေစွမ်းပြ အနိုင်ယူပြီး ရာသီသစ်အတွက် အကောင်းဆုံးချန်ပီယံလောင်း အသင်းတစ်သင်းဖြစ်ကြောင်း သက်သေထူခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ကြောင်း မြင်တွေ့ခဲ့ရပါတယ်။ နယူးကာဆယ်ကတော့ အဖွင့်ပွဲမှာ တစ်မှတ်သာ ယူနိုင်ခဲ့တာပါ။ အစဉ်အလာမှာ လီဗာပူးလ်အသင်း အပြတ်အသတ်အသာရထားပေမဲ့ လက်ရှိအနေအထားအရတော့ နယူးကာဆယ်ကွင်းမှာ အမှတ်ပြည့်ရဖို့ ခက်ခဲနိုင်ပါတယ်။ သရေကျနိုင်တဲ့ပွဲပါ။
အင်တာမီလန် နှင့် တိုရီနို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
နည်းပြသစ် ချီဗူးရဲ့ အင်တာမီလန်အသင်းက ရာသီကြိုကာလမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားလည်း ယှဉ်ပြိုင်ခဲ့ရတာကြောင့် ချီဗူးနဲ့ အင်တာမီလန်အသင်း အတော်လေး အသားကျနေပြီလို့ ဆိုရမှာပါ။ တိုရီနိုကို စီးရီးအေနောက်ဆုံး(၆)ပွဲဆက် အနိုင်ယူခဲ့တဲ့ အင်တာမီလန်အသင်း ရာသီသစ်ကို နိုင်ပွဲနဲ့ စဖွင့်မှာ သေချာပါတယ်။
အခြားပွဲစဉ်များ
*အူဒီးနီးစ် – ဗီရိုနာ
*ဘီလ်ဘာအို – ဗယ်လက်ကာနို
*ဆီဗီလာ – ဂီတာဖေး









