
လာမယ့်စက်တင်ဘာလအတွင်း ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲများအတွက် အာဂျင်တီးနာအသင်းရဲ့ပဏာမ ၃၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီနဲ့အတူ
ဥရောပထိပ်တန်းလိဂ်ရောက် ကြယ်ပွင့်တချို့ ပါဝင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းလူစာရင်းမှာ အခုနွေရာသီမှ ဥရောပထိပ်တန်းလိဂ်ကို ရောက်လာတဲ့ မန်စီးတီးအသင်း အယ်ချယ်ဗယ်ရီနဲ့ ရီးယဲလ်မက်ဒရစ်အသင်းက မာစတန်တွန်နိုတို့လည်း ပါဝင်လာခဲ့ပါတယ်။
ဘရာဇီးကလပ် ပါလ်မီးရပ်စ်အသင်းမှာ ကစားနေတဲ့ ဟိုဆေးလိုပက်ဇ်ကတော့ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။
အာဂျင်တီးနားအသင်းမှာ နိုင်ငံတကာပွဲ လုံးဝမကစားဖူးသူအဖြစ် အယ်ချယ်ဗယ်ရီ၊ ဗာရယ်လာနဲ့
ဟိုဆေးလိုပက်ဇ်တို့ သုံးဦး ရှိနေပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်ပေမဲ့ နည်းပြ
စကာလိုနီက လူစုံနီးပါး ရွေးချယ်ခဲ့ပါတယ်။
အာဂျင်တီးနားအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာလ ၄ ရက်မှာ ဗင်နီဇွဲလားအသင်းနဲ့ အိမ်ကွင်းပွဲစဉ်၊ စက်တင်ဘာလ ၉ ရက်မှာ အီကွေဒေါအသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေ ကစားရမှာပါ။
♦ အာဂျင်တီးနားအသင်းလူစာရင်း
ဂိုး – E.မာတီနက်ဇ်(အက်စတွန်ဗီလာ)၊ ရူလီ(ဆိုစီဒက်)၊ ဘင်နီတက်ဇ်(ခရစ္စတယ်ပဲလေ့စ်)
နောက်တန်း – အော်တာမန်ဒီ(ဘင်ဖီကာ)၊ တာလီယာဖီကို(လိုင်ယွန်)၊ အကူညာ၊ မွန်တီယဲလ်(ရေးဗားပလိတ်)၊ မိုလီနာ(အက်သလက်တီကို)၊ ဖွိုင်သ်(ဗီလာရီးယဲလ်)၊ ဘယ်လာဒီ၊ မယ်ဒီနာ(မာဆေးလ်)၊
ဆိုလာ(ဘုန်းမောက်)၊ ရိုမဲရိုး(စပါး)
အလယ်တန်း – ဒီပေါလ်(အင်တာမိုင်ယာမီ)၊ ပါရေဒက်စ်(ဘိုကာဂျူနီယာ)၊ ဆယ်လ်ဆို(ဘက်တစ်)၊ အယ်လစ္စတာ (လီဗာပူးလ်)၊ ပလာစီယို့စ်(လေဗာကူဆင်)၊ အယ်လ်မားဒါး(အက်သလက်တီကို)၊ နီကိုးလက်စ်ပေ့ဇ်(ကိုမို)၊ မာစတန်တွန်နို(ရီးယဲလ်)၊ အယ်ချယ်ဗယ်ရီ(မန်စီးတီး)၊ ဗာရယ်လာ(ပေါ်တို)
ရှေ့တန်း – မက်ဆီ(အင်တာမိုင်ယာမီ)၊ လော်တာရိုမာတီနက်ဇ်(အင်တာမီလန်)၊ အယ်လ်ဗာရက်ဇ်၊ G. ဆီမြွန်နီ(အက်သလက်တီကို)၊ နီကိုးလက်စ်ဂွန်ဇာလက်ဇ်(ဂျူဗင်တပ်စ်)၊ ကော်ရီယာ(UANL)၊ ကာဘိုနီ(ဂျီနိုအာ)၊ ဟိုဆေးလိုပက်ဇ်(ပါလ်မီးရပ်စ်)









