
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ကာလီမူအန်ဒိုကို ထပ်မံခေါ်ယူပြီးနောက် အခုနွေရာသီအသုံးစရိတ် ပေါင် သန်း ၁၄၀ အထိ ရှိလာခဲ့ပါတယ်။
ကာလီမူအန်ဒို(၂၃ နှစ်)ရဲ့ ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၂၆ သန်းရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
PSG ကစားသမားဟောင်း ကာလီမူအန်ဒိုဟာ နော်တင်ဟမ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
နော်တင်ဟမ်အသင်းဟာ ကာလီမူအန်ဒိုမတိုင်ခင် ကစားသမားသစ်ခြောက်ဦး ခေါ်ယူမှုအတွက် ပေါင် ၁၁၄ သန်း အသုံးပြုခဲ့ပါတယ်။
ကာလီမူအန်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရန်းစ်အသင်းအတွက် အမှတ်ပေးပွဲ ၃၄ ပွဲကစားကာ ၁၈ ဂိုး သွင်းယူခဲ့ပါတယ်။
၎င်းအနေနဲ့ ၂၀၂၄ ပါရီအိုလံပစ် ငွေတံဆိပ်ဆုရ ပြင်သစ်အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။









