
UFC 319 မှာ Geoff Neal ကို အလဲထိုးနဲ့ နိုင်ပြီးနောက် မီးပွင့်ထွက်နေတဲ့ Carlos Prates တစ်ယောက် လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် UFC Rio ပွဲအတွက် လှုပ်လှုပ်ရှားရှား ဖြစ်နေပါပြီ။
ပွဲပြီးပြီးချင်းမှာပဲ Prates က Welterweight ချန်ပီယံဟောင်း Leon Edwards ကို စိန်ခေါ်လိုက်တာပါ။ ဒါပေမယ့် နောက်တစ်ပတ်မှာ Michael “Venom” Page က Jared Cannonier ကိုနိုင်ပြီးနောက် Prates ရဲ့ စိန်ခေါ်မှုကို သူကပဲ လက်ခံမယ်ဆိုပြီး ရှေ့ထွက်လာခဲ့ပါတယ်။
Prates ကတော့ Edwards ကိုပဲ ပိုလိုချင်နေတာ မှန်ပါတယ်။ ဒါပေမယ့် Page နဲ့ ကမ်းလှမ်းလာရင်လည်း လုံးဝငြင်းမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ “UFC က သူ့ကိုပေးရင်လည်း အိုကေတယ်၊ ထိုးကြတာပေါ့ဗျာ” ဆိုပြီး Prates က စိန်ခေါ်မှုအပြည့်နဲ့ ပြောခဲ့ပါတယ်။
Page ဟာ Middleweight မှာ ထိုးနေတာဖြစ်ပေမယ့် Welterweight ကို ပြန်လာဖို့ အမြဲတမ်း စိတ်ကူးရှိနေသူပါ။ ဒီတော့ Prates နဲ့ ပွဲဖြစ်လာမယ်ဆိုရင် ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ ဖြစ်လာမှာ အမှန်ပါပဲ။






