
ဘာစီလိုနာအသင်းဟာ သြဂုတ်(၁၆)မှာ ယှဉ်ပြိုင်ရမယ့် လာလီဂါရာသီအဖွင့်ပွဲစဉ်အတွက် ဂိုးသမားပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ လူစာရင်းအရ လက်ရှိအချိန်မှာ ဂိုးသမား(၄)ဦး ပိုင်ဆိုင်ထားပေမဲ့ ဂျာမန်ဂိုးသမား စတီဂန်က ဒဏ်ရာပြဿနာရှိနေပြီး စာချုပ်သက်တမ်းတိုးထားတဲ့ ပိုလန်ဂိုးသမား ဆဇက်စနီနဲ့ အသစ်ခေါ်ထားတဲ့ စပိန်ဂိုးသမား ဟွမ်ဂါစီယာတို့က လစာစည်းမျဉ်းအရ လာလီဂါပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်ခြင်းမရှိသေးပါဘူး။
ဒါကြောင့် မာယော့ကာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် စပိန်ဂိုးသမား ပီနာ တစ်ဦးတည်းကိုသာ အသုံးပြုနိုင်မယ့်အခြေအနေ ဖြစ်နေပါတယ်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ဟာ ပီနာကို ရောင်းထုတ်ဖို့ စဉ်းစားနေပေမဲ့ လက်ရှိအခြေအနေအရ အသင်းမှာ ဆက်ထိန်းထားရမယ့်အနေအထား ဖြစ်နေပါတယ်။
ဘာစီလိုနာအသင်းဟာ မန်ယူအသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ရပ်ရှ်ဖို့ဒ်ကိုလည်း စာရင်းသွင်းနိုင်ခြင်းမရှိသေးပါဘူး။









