• Home
  • Transfer News
  • အဲရစ်ဆင်ကို ခေါ်ယူဖို ဝက်ဆမ်အသင်း ချဉ်းကပ်နေ

အဲရစ်ဆင်ကို ခေါ်ယူဖို ဝက်ဆမ်အသင်း ချဉ်းကပ်နေ

လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဆမ်အသင်းဟာ ဒိန်းမတ်ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ချဉ်းကယ်နေတယ်လို့ သိရပါတယ်။

အဲရစ်ဆင်(၃၃ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်တယ်။

ဝက်ဆမ်အသင်းက လိဂ်ချန်ပီယံရှစ် တန်းတက်ကလပ်ဖြစ်ပြီး ၄၄ နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလိဂ် ဒုတိယတန်းအဆင့်ကို ပထမဆုံးအကြိမ် တန်းတက်လာခဲ့တာပါ။

ဝက်ဆမ်အသင်းကို ဟောလိဝုဒ်က နာမည်ကျော်တွေဖြစ်တဲ့ Ryan Reynoldsနဲ့ Rob McElhenney တို့က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့အေးဂျင့်ဖြစ်သူက ဝက်ဆမ်အသင်းမှာ ကြီးမားတဲ့ စီမံကိန်းတွေ ရှိပေမဲ့ သူ့ကစားသမားက ပထမတန်းအဆင့်နဲ့ အနောက်ဥရောပမှာ ကစားချင်နေဆဲလို့ ပြောခဲ့ပါတယ်။

ဝက်ဆမ်အသင်းဟာ နည်းပြ ဖီးလ်ပါကင်ဆင်လက်အောက်မှာ သုံးနှစ်ဆက် တန်းတက်လာခဲ့တဲ့အသင်း ဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...