• Home
  • FIFA Club World Cup
  • ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ အကြိုသုံးသပ်ချက်

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ အကြိုသုံးသပ်ချက်

ချယ်လ်ဆီး နှင့် PSG (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁း၃၀ နာရီ)

ပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပကလပ်နှစ်သင်း ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။ အစဉ်အလာပိုင်းကို ကြည့်ရင်တော့ ချယ်လ်ဆီးက ၂၀၁၂ ပြိုင်ပွဲမှာ ဒုတိယ၊ ၂၀၂၁ ပြိုင်ပွဲမှာ ချန်ပီယံဆုတစ်ကြိမ် ရရှိဖူးပြီး PSG အသင်းကတော့ ဒီနှစ်မှ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပေမဲ့ ချန်ပီယံခြေစွမ်းနဲ့အတူ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တယ်။ PSG အသင်းက ဒီပြိုင်ပွဲတစ်လျှောက် (၆)ပွဲကစားရာမှာ (၅)ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး အနိုင်ရတဲ့ (၅)ပွဲစလုံး Clean Sheet ရခဲ့ပါတယ်။ ဒါ့အပြင် PSG အသင်း အနိုင်ယူထားတဲ့ပြိုင်ဘက်တွေထဲမှာ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေ ပါဝင်ခဲ့ပြီး ခြေပြတ်၊ ဂိုးပြတ်အနိုင်ရခဲ့တာ အထင်ကြီးလောက်စရာပါ။ ချယ်လ်ဆီးအသင်းကလည်း (၆)ပွဲမှာ (၅)ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့ပြီး တစ်ပွဲထက်တစ်ပွဲ စွမ်းဆောင်ရည်ကောင်းပြသလာနိုင်ပါတယ်။ တစ်ဦးချင်းနဲ့ အသင်းလိုက်စွမ်းဆောင်ရည်ကိုကြည့်ရင် PSG အသင်းက ပိုသာပါတယ်။ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင်လည်း PSG အသင်းက နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားသလို၊ (၄)ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်ပါတယ်။ PSG အသင်း ချန်ပီယံဖလား ကိုင်မြှောက်မယ့်ပွဲပါ။ နှစ်ဂိုးလောက် ပြတ်နိုင်တယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...