• Home
  • FIFA Club World Cup
  • ■ PSG နဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲက စစ်တုရင်ပွဲတစ်ပွဲလိုပဲလို့ မာရက်စကာ သုံးသပ်

■ PSG နဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲက စစ်တုရင်ပွဲတစ်ပွဲလိုပဲလို့ မာရက်စကာ သုံးသပ်

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ဇူလိုင်လ ၁၃ ရက်မှာ PSG နဲ့ ယှဉ်ပြိုင်ကစားမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲက စစ်တုရင်ပွဲတစ်ပွဲလိုပဲလို့  သုံးသပ်ခဲ့ပါတယ်။

”စစ်တုရင်ကစားတာနဲ့ ကြည့်ရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ဘောလုံးနဲ့လည်း အတော်ဆင်ပါတယ်။ ရွေ့လျားမှုတိုင်းကို တုံ့ပြန်ရတယ်။ PSG က လက်ရှိအတောင့်တင်းဆုံးဖြစ်ပြီး ပြိုင်ဘက်တိုင်းကို ဖြိုလှဲနိုင်ခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်တို့ ကွင်းထဲကို ကိုယ်ပိုင်ပုံစံနဲ့ အနိုင်ရလိုစိတ်ကို ယူဆောင်လာပါလိမ့်မယ်”လို့ မာရက်စကာက ပြောခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက အခုပြိုင်ပွဲမှာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး ဘောလုံးမှာ အံ့အားသင့်စရာ အမှတ်ရှိနေတယ်လို့လည်း ဆိုပါတယ်။

”ဖလူမင်နိစ်က ချန်ပီယံလိဂ်ဖိုင်နယ်ရောက် အင်တာကို အနိုင်ယူခဲ့တယ်။ အယ်လ်ဟီလာက ရေပန်းအစားဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးကို ဖြုတ်ချခဲ့တယ်။ ဘိုတာဖိုဂိုလည်း PSG ကို နိုင်ခဲ့တယ်။ ဒါက ဘောလုံးကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်စေတဲ့အရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကစားဟန်ရှိပြီး ဒါက ဗိုလ်လုပွဲမှာ ကျွန်တော်တို့ရဲ့အားသာချက် ဖြစ်လာပါမယ်”လို့ မာရက်စကာက မှတ်ချက်ပြုခဲ့ပါတယ်။

မာရက်စကာက ပြိုင်ဘက် PSG အသင်းကိုလည်း ချီးကျူးစကားဆိုခဲ့ပါသေးတယ်။

”PSG အသင်းနဲ့ သူတို့နည်းပြက ကျွန်တော့်အဖို့သာမက ဘောလုံးကိုချစ်တဲ့သူတွေအတွက် မှီငြမ်းစရာတစ်ခုပါ။ သူတို့ဟာ မယုံနိုင်စရာကောင်းတဲ့ အသင်းတစ်သင်းရှိတယ်လို့ ယုံကြည်ပါတယ်။ သူတို့နည်းပြကလည်း ဂွါဒီယိုလာနဲ့အတူ

လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့က မယုံနိုင်စရာကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ ဒါက ခက်ခဲပြီး ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ”လို့ မာရက်စကာက ပြောခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...