
မန်ယူအသင်းရဲ့ တောင်ပံကစားသမား ဂါနာချိုက ပရီးမီးယားလိဂ်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
အာဂျင်တီးနားကစားသမား ဂါနာချို(၂၁ နှစ်)ရဲ့ခြေစွမ်းကို မန်ယူနည်းပြ အာမိုရင်မ်က သဘောကျခြင်းမရှိတာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေပြီး အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ဂါနာချိုကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတချို့နဲ့ အီတလီနဲ့ ဂျာမနီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားသလို၊ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ ဂါနာချိုက စီရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကိုသာ ရွေးချယ်သွားဖွယ်ရှိကြောင်း သိရပါတယ်။
သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေကတော့ ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်၊ စပါးနဲ့ ဝုလ်ဗ်တို့ဖြစ်ကြောင်း သိရပါတယ်။









