• Home
  • FIFA Club World Cup
  • ဗိုလ်လုပွဲအပြီး ရန်ပွဲမှာ မိမိ ဝင်ရောက်ဖျန်ဖြေခြင်းသာဖြစ်တယ်လို့ အန်နရီကေး ဖြေရှင်း

ဗိုလ်လုပွဲအပြီး ရန်ပွဲမှာ မိမိ ဝင်ရောက်ဖျန်ဖြေခြင်းသာဖြစ်တယ်လို့ အန်နရီကေး ဖြေရှင်း

PSG အသင်းရဲ့ နည်းပြ အန်နရီကေးက ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွင်း ပြိုင်ဘက်ကစားသမားကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဝင်ရောက်ဖျန်ဖြေခြင်းသာဖြစ်တယ်လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပွဲပြီးခါနီးမှာ အားပြိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ 

ပွဲချိန်(၈၅)မိနစ်မှာ ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လာရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် PSG ကွင်းလယ်ကစားသမား နယ်ဗက်စ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲပြီးချိန်မှာတော့ နှစ်ဖက်အသင်းကစားသမားတွေကြား အပြန်အလှန်တွန်းထိုးမှုတွေ ဖြစ်ပွားခဲ့ပြီး နည်းပြ အန်နရီကေးက ချယ်လ်ဆီးတိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုကို တိုက်ခိုက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းတွေ၊ ဓာတ်ပုံမှတ်တမ်းတွေမှာလည်း အန်နရီကေးက ဂျော်အိုပတ်ဒရိုကို တွန်းထိုးခဲ့တာ မြင်တွေ့ရပါတယ်။

ဒါပေမဲ့ အန်နရီကေးက ပိုမိုဆိုးရွားတဲ့ ပြဿနာတွေ မဖြစ်ပွားအောင် ဝင်ရောက်ဖျန်ဖြေခဲ့ခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

”ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ နောက်ထပ်ပြဿနာတွေ မဖြစ်ပွားအောင် ကစားသမားတွေကို လူစုခွဲဖို့ လုပ်ဆောင်တာပါ။ ဒါကြောင့် တွန်းထုတ်ရတာတွေ ရှိခဲ့တာပါ။ ဒီလိုမျိုး ဘယ်တော့မှ ထပ်မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ထပ်ပြောရရင် ကျွန်တော့်ရည်ရွယ်ချက်က အခြေအနေပိုမဆိုးအောင် တားဆီးဖို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...