• Home
  • Team News
  • ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကသာ ပြန်ခေါ်မယ်ဆိုရင် ငြင်းနိုင်မှာမဟုတ်ဘူးလို ဘန်ဇီမာ ပြောကြား

ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကသာ ပြန်ခေါ်မယ်ဆိုရင် ငြင်းနိုင်မှာမဟုတ်ဘူးလို ဘန်ဇီမာ ပြောကြား

အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကသာ ပြန်ခေါ်မယ်ဆိုရင် မိမိအနေနဲ့ ငြင်းနိုင်မှာမဟုတ်ဘူးလို ပြောကြားခဲ့ပါတယ်။

အသက်(၃၈)နှစ် ပြည့်ခါနီးပြီဖြစ်တဲ့ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဥရောပမှာ ပြန်ကစားဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။

ဘန်ဇီမာကလည်း အယ်လ်အစ်တီဟတ်အသင်းမှာ ဆက်ရှိ၊ မရှိမသေချာကြောင်းနဲ့ အခြေအနေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ကစားသမားဘဝက အနားမယူသေးဘဲ အနည်းဆုံး(၂)နှစ် ကစားဦးမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဒီအခြေအနေမှာ ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ရောင်းထုတ်ပြီး ဘန်ဇီမာကို ပြန်ခေါ်ဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့ပါတယ်။

ဒီအတွက် AS က မေးမြန်းခဲ့ရာမှာ ဘန်ဇီမာက ”ရီးယဲလ်မက်ဒရစ်က ကျွန်တော့်ကို ပြန်ခေါ်ဖိုလား။ ဘာအတွက်လဲ(ရယ်လျက်)။ ဒါပေမဲ့ ဖလော်ရင်တီနိုပီရက်ဇ်ကတော့ ကျွန်တော် ဘယ်တော့မှ မငြင်းနိုင်တဲ့သူပါ။ ကျွန်တော်က မက်ဒရစ်သားတစ်ယောက်ပါ။ မက်ဒရစ်က ကျွန်တော့်မြိုအဖြစ်လည်း ဆက်ရှိနေပါတယ်။ ဘာဖြစ်လာမလဲ ကျွန်တော်တို မြင်တွေ့ရမှာပါ” လို ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...