• Home
  • Team News
  • ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း အန်တိုနီ ဖွင့်ဟ

ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း အန်တိုနီ ဖွင့်ဟ

ဘက်တစ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက သူ့ကို ခေါ်ယူဖို ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ယူရို(၂၅)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းကို သစ္စာဖောက်မဖောက်နိုင်တာကြောင့် ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

” နွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံး(၂၄)နာရီအတွင်းမှာ ဘိုင်ယန်မြူးနစ်က ကျွန်တော့်ကို ခေါ်ယူဖို ကြိုးပမ်းခဲ့ပါတယ်။ ကွန်ပနီက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ပုဂ္ဂိုလ်ရေးအရ စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်ပရိသတ်ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘက်တစ်နဲ့ စကားပြောပြီးပြီဖြစ်တာကြောင့် သူတိုကို သစ္စာမဖောက်နိုင်ပါဘူး။ ဘက်တစ်ဟာ ကျွန်တော့်အတွက် ပျော်ရွှင်ခြင်းလို အဓိပ္ပာယ်ရပါတယ်” လို အန်တိုနီက ပြောကြားခဲ့ပါတယ်။

အန်တိုနီဟာ ၂၀၂၅ ဇန်နဝါရီမှာ ဘက်တစ်ကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်သလို၊ ဘက်တစ်ပရိသတ်တွေကလည်း သူ့ကို အားပေးကြိုဆိုခဲ့ကြောင်း သိရပါတယ်။

အန်တိုနီဟာ ဘက်တစ်သင်းအတွက် ပြိုင်ပွဲစုံ(၃၇)ပွဲမှာ (၁၅)ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...