
ဘာစီလိုနာတိုက်စစ်ကစားသမား လာမင်းယမားလ်ဟာ ပေါင်ခြံဒဏ်ရာရှိနေလို ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် စပိန်လက်ရွေးစင်အသင်းလူစာရင်းက နုတ်ထွက်ခဲ့ပါတယ်။
ယမားလ်(၁၈ နှစ်)ဟာ ဒီဒဏ်ရာရခဲ့လို ရက်သတ္တပတ် နှစ်ပတ် သိုမဟုတ် သုံးပတ်လောက် အနားယူရဖို ရှိနေပါတယ်။၎င်းဟာ စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တုန်းက ဒဏ်ရာရခဲ့ပြီး လေးပွဲလွဲချော်ခဲ့ပါတယ်။
ဆိုစီဒက်ကို အနိုင်ရတဲ့ပွဲမှာ လူစားဝင်ကစားကာ ပြန်လာနိုင်ခဲ့ပေမဲ့ PSG နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာပြန်ရခဲ့တာဖြစ်တယ်။
ဘာစီလိုနာအသင်းက ယမားလ်ဒဏ်ရာရရှိမှုကို သတင်းထုတ်ပြန်ခဲ့ပြီး တနင်္ဂနွေနေ့ ဆီဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ကာ ပြန်လည်သက်သာဖို နှစ်ပတ် သိုမဟုတ် သုံးပတ်လောက် အချိန်ယူရမယ်လို
ပြောခဲ့ပါတယ်။
ယမားလ်ဟာ အခုရာသီမှာ ဘာစီလိုနာအတွက် ငါးပွဲကစား နှစ်ဂိုးသွင်း၊ လေးဂိုးဖန်တီးထားပါတယ်။









