
စပါးအသင်းဟာ ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူ ဘန်တန်ကာကို ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဘန်တန်ကာ(၂၈ နှစ်)ရဲ့မူလစာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
စပါးအသင်းထုတ်ပြန်ချက်မှာ စာချုပ်သက်တမ်း
မဖော်ပြထားဘဲ ကာလရှည်ချုပ်ဆိုခဲ့တာဖြစ်တယ်လိုသာ ရေးသားခဲ့ပါတယ်။
၎င်းဟာ ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ပြောင်းရွှေ့လာပြီး ပြိုင်ပွဲစုံ ၁၂၂ ပွဲ ကစားထားပါတယ်။
”တကယ်ကောင်းတဲ့ ခံစားချက်ပါပဲ။ ပြီးတော့
ဒီအံ့အားသင့်စရာကောင်းတဲ့ ကလပ်နဲ့အတူ
ကျွန်တော့်သမိုင်း ဆက်ရှိနေတော့မှာဖြစ်လို အရမ်းပျော်ပါတယ်။ ကျွန်တော်တိုမှာ နည်းပြသစ်တစ်ဦး၊ အသင်းခေါင်းဆောင်သစ်တစ်ဦး ရှိနေပြီး ကလပ်မှာ နောက်ထပ်နှစ်များစွာ ပျော်ရွှင်စွာ ကစားလိုပါတယ်”လို ဘန်တန်ကာက ပြောခဲ့ပါတယ်။
ဘန်တန်ကာဟာ ၁၇ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။









