
မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က မန်ချက်စတာဒါဘီမတိုင်ခင် ပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဖိအားပိုများနေတယ်ဆိုတဲ့စကားကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။
၎င်းက ဒီနှိုင်းယှဉ်မှုဟာ ဟာသတစ်ခုလိုပဲလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
လက်ရှိမှာ မန်ယူနိုက်တက်အသင်းက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားမှာ
မန်စီးတီးအထက် ရပ်တည်နေတာဖြစ်တယ်။
ဂွါဒီယိုလာက လက်ရှိမှာ သူ့ထက် ဖိအားပိုများနေသလားမေးခွန်းကို အာမိုရင်မ်က ”မဟုတ်ပါဘူး။ နှိုင်းယှဉ်လို့လည်း မရပါဘူး။ ဒီလူက အရာအားလုံး ရယူပြီးသားပါ။ ထပ်မံစွမ်းမဆောင်နိုင်ရင်လည်း
သူ့အဖို့ သက်သောင့်သက်သာပါပဲ။ ကျွန်တော်ကတော့ ဒီမှာ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြနေရတာပါ။ ကျွန်တော်ကတော့ ဒီလိုပဲ ခံစားမိပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မန်ယူနိုက်တက်ကို ရောက်လာတဲ့ အာမိုရင်မ်ဟာ ဂွါဒီယိုလာနဲ့ နှစ်ကြိမ် ရင်ဆိုင်တွေ့ခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရ
ရရှိခဲ့ပါတယ်။
ဒါ့အပြင် အစောပိုင်းက ချန်ပီယံလိဂ်မှာလည်း စပို့တင်းလစ္စဘွန်းအသင်းနဲ့ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူခဲ့လို့ ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှု သုံးပွဲစလုံး ရှုံးပွဲ
မရှိခဲ့ပါဘူး။









