
ဘာစီလိုနာအသင်းဟာ စပိန်တောင်ပံကစားသမား ဖာမင်လိုပက်ဇ်အတွက် ယူရိုသန်း(၇၀)အောက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာမဟုတ်ကြောင်း သိရပါတယ်။
ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၃-၂၄ ရာသီကတည်းက အသင်းမှာ ကစားခွင့်ရခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်တော့ မရသေးပါဘူး။
ဘာစီလိုနာအသင်းက ဖာမင်လိုပက်ဇ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသလို ယူရိုသန်း(၅၀၀)တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ ကစားသမားတချို့ကို ရောင်းထုတ်ရမယ့် အခြေအနေဖြစ်နေတာကြောင့် ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ဖာမင်လိုပက်ဇ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေကြပြီး ချယ်လ်ဆီးက ကမ်းလှမ်းမှုပြုလုပ်ထားပြီလို့တောင် သတင်းထွက်နေပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းက ယူရိုသန်း(၇၀)အောက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာမဟုတ်ဘူးလို့ တုံ့့ပြန်ထားသလို၊ ဖာမင်လိုပက်ဇ်ကလည်း ဘာစီလိုနာမှာသာ ဆက်ကစားလိုတယ်လို့ ပြောကြားထားပါတယ်။









