
နယူးကာဆယ်အသင်းဟာ ဝုလ်ဗ်အသင်းက နော်ဝေတိုက်စစ်မှူး စထရန်းလာဆန်ကို ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာ ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် အစားထိုးဖို့အတွက် စထရန်းလာဆန်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပထမအကြိမ်မှာ ပေါင်သန်း(၅၀)၊ အခု ဒုတိယအကြိမ်မှာ ပေါင်(၅၅)သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ခြင်းလည်းဖြစ်ပါတယ်။
ဝုလ်ဗ်အသင်းဟာ စထရန်းလာဆန်(၂၅ နှစ်)ကို ပြီးခဲ့တဲ့ရာသီက ဆယ်လ်တာဗီဂိုကနေ အငှားနဲ့ခေါ်ယူခဲ့ပြီး ဒီနွေမှာမှ ပေါင်(၂၃)သန်းနဲ့ အပြီးသတ်ခေါ်ယူထားတာပါ။
စထရန်းလာဆင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဝုလ်ဗ်အသင်းအတွက် (၁၄)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် နယူးကာဆယ်အသင်းက မျက်စိကျခဲ့တာဖြစ်ပြီး မနေ့ညက ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာလည်း စထရန်းလာဆန်က (၂)ဂိုးသွင်းခဲ့ပါတယ်။
နယူးကာဆယ်က ပေါင်သန်း(၆၀)နဲ့ ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေပြီး ဝုလ်ဗ်အသင်းက ပေါင်သန်း(၇၀)အလိုရှိနေကြောင်းလည်း သိရပါတယ်။









