• Home
  • Boxing MMA
  • Frankie Edgar ဘာလို ပြန်လာပြီး BKFC မှာ ထိုးသလဲဆိုတဲ့အကြောင်းရင်း

Frankie Edgar ဘာလို ပြန်လာပြီး BKFC မှာ ထိုးသလဲဆိုတဲ့အကြောင်းရင်း

Frankie Edgar က သူ တိုက်ခိုက်တာတွေ မလုပ်တော့ဘူးလို့ ပြောခဲ့ပေမဲ့ တိုက်ပွဲခေါ်သံက သူ့ကို ပြန်ဆွဲဆောင်ခဲ့ပါတယ်။

နောက်လမှာ Edgar ဟာ သူ အနားယူထားတဲ့ သုံးနှစ်တာကာလကို အဆုံးသတ်ပြီး BKFC 82 ရဲ့ အထူးတိုက်ပွဲအဖြစ် နယူး ဂျာစီ၊ နယူးဝပ်ခ်မှာ Jimmie Rivera နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ UFC Hall of Famer ဖြစ်တဲ့ သူဟာ ၂၀၂၂ ခုနှစ်တုန်းက MMA ကစားသမားဘဝကို သုံးပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့နေအိမ်နားမှာပဲ BKFC ပြိုင်ပွဲလုပ်မယ်ဆိုတာ သိလိုက်ရတော့ ဒီ နယူးဂျာစီသားဟာ သူ နှစ်သက်တဲ့ တခြား တိုက်ခိုက်ရေးအားကစားကို စမ်းသပ်ကြည့်ဖို့ ဆန္ဒကို မထိန်းနိုင်ခဲ့ပါဘူး။

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ BKFC 82 သတင်းစာရှင်းလင်းပွဲမှာ Edgar က “ကျွန်တော်တို့ ဂျာစီမှာရှိနေတာပါ။ ခင်ဗျားတို့ ဒီကို ရောက်လာခဲ့ပြီ။ ဒီအခွင့်အရေးကို လက်လွှတ်ဖို့ဆိုတာ ခက်ပါတယ်။ ဒီအားကစားကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့တယ်။ ကျွန်တော်က တိုက်ခိုက်ရေးသမားပါ။ ဒီအားကစားက တခြား တိုက်ခိုက်ရေး အားကစားတွေထဲမှာ အတိုက်ခိုက်ရဆုံးပဲလို့ ဆိုနိုင်တယ်။ ကျွန်တော် စမ်းကြည့်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနေရာမှာပဲ ဘာလို့ မလုပ်နိုင်ရမှာလဲ” လို့ ပြောခဲ့ပါတယ်။

အောင်မြင်မှုများစွာ ရရှိခဲ့ပေမဲ့ Edgar ဟာ သူ့ရဲ့အားကစားသမားဘဝကို ဆိုးရွားတဲ့ အနေအထားနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ သုံးပွဲဆက်တိုက် knockout ခံခဲ့ရပြီး နောက်ဆုံးတစ်ပွဲကတော့ UFC 281 မှာ Chris Gutierrez ကို ရှုံးနိမ့်ခဲ့တာပါ။ အဲဒီပွဲကို သူ့ရဲ့ အနားယူပွဲလို့ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ Edgar က သူပြန်ကောင်းနေပြီး အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။

Edgar က “ဒါက စိတ်ဝင်စားစရာပါ။ အရင်တုန်းက Seaside မှာ လက်အိတ်မပါဘဲ အလကားထိုးဖူးတယ်။ အခုတော့ နယူးဝပ်ခ်မှာ ပိုက်ဆံရပြီး ထိုးရမှာပဲ။ လေ့ကျင့်ရေးကလည်း အကောင်းဆုံးပါပဲ။ လက်ဝှေ့အတွက်ပဲ လေ့ကျင့်ရတာဆိုတော့ ကျွန်တော့်လည်ပင်းက ကောင်းတယ်။ လည်ပင်းကို ဘယ်သူမှ လာမဖမ်းတော့ဘူး။ ပခုံးတွေလည်း ကောင်းတယ်။ ဒါက အံ့သြစရာပါပဲ” လို့ ဆိုပါတယ်။

ယခင်က ကောလိပ်လက်ဝှေ့သမားဟောင်းဖြစ်တဲ့ Edgar ဟာ MMA ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၃၆ ပွဲ ပါဝင်ခဲ့ပြီး UFC lightweight ချန်ပီယံဆုကို ဆွတ်ခူးကာ သုံးကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ “The Answer” လို့ အမည်ပြောင်ရှိတဲ့ သူဟာ featherweight ချန်ပီယံဆုအတွက်လည်း သုံးကြိမ် ယှဉ်ပြိုင်ခဲ့ပြီး bantamweight မှာတောင် ပါဝင် ယှဉ်ပြိုင်ဖူးပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ သူ့ကို UFC Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုခဲ့ပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Edgar ဟာ BKFC မှာ အကြာကြီး ဆက်တိုက်ထိုးသတ်သွားဖို့တော့ မရှိနိုင်ပါဘူး။ သူကိုယ်တိုင်လည်း ဒါကို အသိအမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ သူက အနားယူပြီးသားဆိုတော့လေ။ Edgar က သူ့ရဲ့ အားကစားသမားဘဝကို တစ်ရက်ချင်းစီပဲ ကြည့်ပြီး သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဘယ်တော့မှ ပြန်မထိုးတော့ဘူးလို့ ပြောခဲ့တယ်။ အခုတော့ ဒီမှာ ရှိနေပြန်ပြီ။ ဒါဆို ဘယ်သူက ကျွန်တော့်စကားကို ယုံမှာလဲ။ ဒီပထမဆုံးပွဲ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်။ ပြီးရင်တော့ ဆက်လုပ်သွားမှာပါ” လို့ Edgar က ပြောခဲ့ပါတယ်။

BKFC 82 ရဲ့ အဓိကပွဲစဉ်ကတော့ “King of Violence” ချန်ပီယံဆုအတွက် Mike Perry နဲ့ Jeremy Stephens တို့ရဲ့ တိုက်ပွဲဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထား
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထားဟောင်း UFC ဝယ်လ်တာဝိတ် ချန်ပီယံသည် RAF တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရန် ရှိနေသည်။ ဘီလယ်လ်...
27 November 2025
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း!
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း! ဟဲဗီးဝိတ်တန်းကို ကျောနဲ့ထမ်းချင်ပါတယ်လို့ “Salsa Boy” က ကြွေးကြော် ၂၀၂၅ ရဲ့ ထွန်းတောက်လာတဲ့...
21 November 2025
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို့ တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ Ilia Topuria နဲ့ Paddy Pimblett တို့ကြားက မပြေလည်မှုဟာ သူတို့နှစ်ဦးစလုံးဟာ လာမယ့်ပွဲတွေအတွက်...
20 November 2025
UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov
Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ...
19 November 2025
UFC 322 တွင် ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်လာသည့် အစ္စလာမ်မက္ခချပ်၏ ခြေစွမ်းကို အာမန်ဆာရူကီယန် အံ့အားသင့်ချီးကျူး
ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ်...