
ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ လူငယ်ကြယ်ပွင့် အီစတယ်ဗိုကို အလွန်ကောင်းတဲ့ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။
အီစတယ်ဗိုအနေနဲ့ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းမှာ ကိုးလ်ပါလ်မာ ဒဏ်ရာရသွားလို့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့် ရခဲ့တာပါ။
ဝက်စ်ဟမ်းရဲ့အဖွင့်ဂိုးက သူ့အမှားကနေ ပေးခဲ့ရပေမဲ့ ပွဲအပြီးမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
”သူ အထိုင်ကျဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ဘရာဇီးလ် ဘယ်လိုခြားနားသလဲဆိုတာ နားလည်ဖို့လည်း အမှားတွေအများကြီး လုပ်ဖို့ လိုပါတယ်။ သူ့ကြောင့်
ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်။ သူ နားလည်ဖို့လိုပါတယ်။ ဒါပေမဲ့ သူဟာ တကယ်ကောင်းတဲ့ကစားသမားပါ”လို့ မာရက်စကာက ပြောခဲ့ပါတယ်။
အီစတယ်ဗိုဟာ ၃၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်သွင်းယူတဲ့ တတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
၎င်းအနေနဲ့ အသက် ၁၈ နှစ် ၁၂၀ ရက်သာရှိပြီး ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်းရဲ့အသက်ငယ်ဆုံးဂိုးဖန်တီးသူ ဖြစ်လာ
ခဲ့ပါတယ်။









