
မန်ယူအသင်းက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သတင်းထွက်လာခဲ့ပါတယ်။
ဆန်ချိုဟာ မန်ယူအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေပေမဲ့ ဘက်ဆစ်တက်အသင်းနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ခဲ့သလို၊ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆန်ချိုဟာ နည်းပြ အာမိုရင်မ်ရဲ့ အနာဂတ်အစီအစဉ်ထဲ မပါဝင်တော့တာကြောင့် အရောင်းစာရင်း တင်သွင်းခံထားရသူဖြစ်ပြီး မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀) ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။
ဒါပေမဲ့ ဆန်ချိုရဲ့ မြင့်မားတဲ့ လစာနှုန်းထားကြောင့် ထိပ်သီးအသင်းတချို့က ခေါ်ယူချင်ပေမဲ့ လက်လျှော့ခဲ့ကြပြီး လစာပေးဖို့ အသင့်ရှိနေတဲ့ ဘက်ဆစ်တက်အသင်းကိုကျတော့လည်း ဆန်ချိုက တူရကီမှာ မကစားချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆန်ချိုရဲ့ အေးဂျင့်ဖြစ်သူကတော့ စျေးကွက်မပိတ်ခင် အသင်းသစ် ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။









