
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က လာလီဂါရာသီအဖွင့်ပွဲစဉ်မှာ မာယော့ကာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံကို သဘောမကျကြောင်းနဲ့ ပိုကောင်းအောင် ကစားနိုင်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မာယော့ကာအသင်းကို အဝေးကွင်းမှာ (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲအပြီးမှာ ဟန်ဆီဖလစ်ခ်က ” ကျွန်တော် ဒီပွဲကို မကြိုက်ပါဘူး။ အရေးပါတဲ့ သုံးမှတ် ဆိုပေမဲ့ ကျွန်တော် သဘောမကျပါဘူး။ ပြိုင်ဘက်အသင်း အနီကတ်နှစ်ခါ ပြခံရတဲ့နောက်ပိုင်း လျော့ကျသွားပါတယ်။ ကျွန်တော်တို့ (၅၀)ရာခိုင်နှုန်းပဲ ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ ပထမဆုံးလာလီဂါပွဲစဉ်အဖြစ် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီးတော့လည်း ဟန်ဆီဖလစ်ခ်က ”ရပ်ရှ်ဖို့ဒ်အတွက် ကောင်းမွန်တဲ့ ပွဲချိန်အပိုင်းတစ်ခု မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေရာလွတ်မရလို့ပါ။ ကစားသမားတွေက (၅၀)ရာခိုင်နှုန်းပဲ ကစားခဲ့တာကြောင့်ပါ” လို့ ပြောကြားခဲ့ပါတယ်။
Clean Sheet ရယူပေးခဲ့တဲ့ ဂိုးသမား ဟွမ်ဂါစီယာကိုတော့ ဟန်ဆီဖလစ်ခ်က ချီးကျူးခဲ့ပါတယ်









