
ပရိသတ်တွေ အားပေးခဲ့ကြရတဲ့ Usman Nurmagomedov နဲ့ Paul Hughes တိုရဲ့ ပွဲကောင်းဟာ ဒုတိယအကြိမ်အဖြစ် ပြန်လာပါပြီ။
ဒီ Lightweight နှစ်ယောက်ဟာ အောက်တိုဘာလ ၃ ရက်၊ သောကြာနေ့မှာ Dubai က Coca-Cola Arena မှာ ကျင်းပမယ့် PFL ပြိုင်ပွဲကြီးရဲ့ အဓိကပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ကြမှာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ Nurmagomedov ဟာ Hughes ကို Majority Decision နဲ့ အနိုင်ရပြီး ရှုးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တာပါ။ အဲ့ဒီညကတည်းက Hughes က rematch အတွက် တောင်းဆိုခဲ့ပြီး မေလမှာ Bruno Miranda ကို ၄၂ စက္ကန့်အတွင်း အလဲထိုးနဲ့ အနိုင်ယူပြီးနောက် အခုလို ဒုတိယအကြိမ် ထပ်ယှဉ်ပြိုင်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
ဒီ Lightweight ချန်ပီယံပွဲအပြင် နောက်ထပ်ပွဲကောင်းတွေလည်း ပါဝင်လာပါတယ်။ Corey Anderson ကလည်း သူ့ရဲ့ PFL Light Heavyweight ချန်ပီယံဆုကို ၂၀၂၄ ခုနှစ် PFL tournament ချန်ပီယံ Dovlet Yagshimuradov နဲ့ rematch ပြန်ယှဉ်ပြိုင်ကာ ကာကွယ်ရမှာပါ။
သူတိုနှစ်ယောက်ရဲ့ ပထမဆုံးပွဲက ၂၀၂၁ Bellator Light Heavyweight Grand Prix မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက Anderson က တတိယအချီမှာ TKO နဲ့ အနိုင်ယူခဲ့ပါတယ်။ Yagshimuradov ကတော့ ၂၀၂၄ ခုနှစ် PFL tournament ဗိုလ်လုပွဲမှာ Impa Kasanganay ကို အလဲထိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် အခု rematch အတွက် အကောင်းဆုံးပြင်ဆင်လာမှာ သေချာပါတယ်။
နောက်ပြီးတော့ ရန်သူဟောင်းတွေဖြစ်တဲ့ Artem Lobov နဲ့ Zubaira Tukhugov တိုလည်း စင်ပေါ်မှာ အပြီးသတ် ရှင်းကြတော့မှာပါ။
အောက်တိုဘာလ PFL Dubai ပွဲအတွက် လက်ရှိကြေညာထားတဲ့ ပွဲစဉ်တွေကတော့-
အဓိကပွဲစဉ်: Usman Nurmagomedov vs. Paul Hughes
Corey Anderson vs. Dovlet Yagshimuradov
Pouya Rahmani vs. Slim Trabelsi
Zubaira Tukhugov vs. Artem Lobov
Omar El Dafrawy vs. Florim Zendeli






