
လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအသင်း
အဆင့် ၅ နေရာရလိမ့်မယ်လို တိုက်စစ်မှူးဟောင်း
ဝိန်းရွန်နီ ခန့်မှန်းလိုက်ပါတယ်။
မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၅ နေရာရပ်တည်ခဲ့ပြီး
ဉရောပပြိုင်ပွဲဝင်ခွင့်မရခဲ့ပါဘူး။
ဒါပေမဲ့ဝိန်းရွန်နီက အသင်းဟောင်း မန်ယူကိုအထင်ကြီးနေပြီးလာမယ့်ရာသီမှာ အဆင့် ၅ နေရာရမယ်လို
ခန့်မှန်းခဲ့ပါတယ်။
လက်ရှိနွေရာသီမှာ တိုက်စစ်အပြောင်းအလဲ လုပ်ထားတဲ့
မန်ယူအသင်းကိုသက်ဆိုင်ရာပရိသ-တ်တွေလည်း
အတော်လေးမျှော်လင့်နေတာပါ။
ဝိန်းရွန်နီက နောက်ထပ်ကစားသမား ခေါ် ယူမှု
တစ်ခုလောက်လုပ်လိုက်ရင်မန်ယူအသင်းပိုကောင်းသွားမယ်လိုယူဆနေပါတယ်။
ဝိန်းရွန်နီက လာမယ့်ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်
လီဗာပူးလ်ကို ရွေးချယ်ပြီး အာဆင်နယ်က
ဒုတိယလူဖြစ်ဉီးမယ်လို ခန့်မှန်းခဲ့ပါတယ်။
Opta ရဲ့စူပါကွန်ပြူတာက လာမယ့်ရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်း အဆင့် ၁၂ နေရာသာရမယ်ဆိုပြီး
ခန့်မှန်းထားပါတယ်။









