
ချယ်လ်ဆီးက နည်းပြမာရက်စ်ကာလက်ထဲဆုဖလားယဉ်ကျေးမှုနဲ့အသားကျလာတယ်။
မာရက်စ်ကာရဲ့ပထမဆုံးရာသီမှာပဲကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ပိုင်ဆိုင်ခဲ့လို
လာမယ့်ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကိုချယ်လ်ဆီးအသင်းပရိသတ်တွေမရဲတရဲမျှော်လင့်နေပါလိမိ့မယ်။
လာမယ့်ရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေရေပန်းစားမှုမှာချယ်လ်ဆီးကလီဗာပူးလ်၊ အာဆင်နယ်၊မန်စီးတီးတိုရဲ့နောက်ရှိနေတာပါ။
ဒါပေမဲ့ ချယ်လ်ဆီးရဲ့ကစားသမားအင်အားစုက မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ပါတယ်။
မာရက်စ်ကာရဲ့ဉီးဆောင်မှုအောက်မှာ
ချယ်လ်ဆီးကစားသမားတွေရဲ့ယုံကြည်စိတ်က
လွတ်လပ်ပေါ့ပါးနေတယ်။ လီဗာပူးလ်၊အာဆင်နယ်၊မန်စီးတီးတိုထက် ဖိအားမရှိဘဲချန်ပီယံဆုကို စိန်ခေါ် ခွင့်ရတဲ့
အခြေအနေလည်းပိုင်ဆိုင်ထားပါတယ်။
ချယ်လ်ဆီးက ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးချန်ပီယံ PSG အသင်းကို ဖီဖာကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာဂိုးပြတ်အနိုင်ယူပြီးပညာပေးခဲ့တယ်။
ချယ်လ်ဆီးရဲ့အောင်ပွဲဆာလောင်စိတ်ဟာ သိပ်ပြီးပြင်းထနိနေတာပါ။လာမယ့်ရာသီမှာလည်းအရည်အသွေးမြင့်ပြီး
အောင်ပွဲဆာလောင်စိတ်ပြင်းထန်နေတဲ့ ချယ်လ်ဆီးကို
မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးကပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးနေတာ
ကြာပါပြီ။ ၂၀၁၆ ၁၇ ရာသီမှာအီတလီလူမျိုးနည်းပြ
ကွန်တီနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို
နောက်ဆုံးအကြိမ်ရရှိထားတာလည်း ဖြစ်ပါတယ်။









