
မန်စီးတီးအသင်းဟာ အသင်းဂိုးသမား အီဒါဆန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် PSG ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းနံပါတ် (၁) ဂိုးသမားဖြစ်သူ အီဒါဆန်ဟာ အခုနွေမှာ တူရကီကလပ် ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ဒွန်နာရမ်မာကို အလိုရှိနေတာ ဖြစ်ပါတယ်။
အသက် (၂၆) နှစ်အရွယ် အီတလီဂိုးသမား ဒွန်နာရမ်မာဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး PSG အသင်းက စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒွန်နာရမ်မာကိုယ်တိုင်ကတော့ အခုနွေမှာ အသင်းပြောင်းရွှေ့ဖို့အတွက် လမ်းဖွင့်ထားပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူဟာ မန်စီးတီးအသင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့တာပါ။
PSG အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်မာကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်လိုခြင်းမရှိတာကြောင့် စာချုပ်သစ်ညှိနှိုင်းမှု အဆင်မပြေဘူးဆိုရင် အခုနွေမှာပဲ ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒွန်နာရမ်မာကို ခေါ်ယူဖို့ မန်စီးတီးအသင်းအပြင် ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။









