• Home
  • Transfer News
  • အမ်ဘူမိုအတွက် မန်ယူအသင်းရဲ့ တတိယအကြိမ်ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ် လက်ခံဖွယ်ရှိ

အမ်ဘူမိုအတွက် မန်ယူအသင်းရဲ့ တတိယအကြိမ်ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ် လက်ခံဖွယ်ရှိ

မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်အသင်းက ကင်မရွန်းလက်ရွေးစင်တောင်ပံကစားသမား အမ်ဘူမိုကို တတိယအကြိမ် ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဘရန့်ဖို့ဒ်အသင်း လက်ခံလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ အမ်ဘူမို(၂၅ နှစ်)ကို ခေါ်ယူဖို့ နွေရာသီတစ်လျှောက်လုံး ကြိုးစားနေခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပေါင်(၄၅)သန်း+ Add-ons ကြေး ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။

အခု တတိယအကြိမ် ကမ်းလှမ်းမှုကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်း+ Add-ons ကြေး ပေါင်(၅)သန်းအထိ မြင့်တက်လာတာကြောင့် ဘရန့်ဖို့ဒ်အသင်းအနေနဲ့ လက်ခံနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုး(၂၀)အထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့ကို ဘရန့်ဖို့ဒ်နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကလည်း စပါးအသင်းဆီ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ အမ်ဘူမိုက မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ လိုလားနေတာကြောင့် မန်ယူအသင်းက အခွင့်သာနေပေမဲ့ ပြောင်းရွှေ့ကြေးအတွက် အဆင်မပြေဖြစ်နေသေးတာပါ။

မန်ယူနည်းပြ အာမိုရင်မ်ကတော့ အမ်ဘူမိုကို ရာသီကြိုခြေစမ်းခရီး ထွက်ခွာမယ့် အင်္ဂါနေ့မတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...