• Home
  • Transfer News
  • ပြောင်းရွှေ့ကြေး ပေါင်(၁)သန်းအမှတ် ရောက်ရှိတဲ့ ပထမဆုံးအမျိုးသမီးဘောလုံးသမားအဖြစ် အိုလီဗီယာစမစ် မှတ်တမ်းဝင်

ပြောင်းရွှေ့ကြေး ပေါင်(၁)သန်းအမှတ် ရောက်ရှိတဲ့ ပထမဆုံးအမျိုးသမီးဘောလုံးသမားအဖြစ် အိုလီဗီယာစမစ် မှတ်တမ်းဝင်

လီဗာပူးလ်ကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကနေဒါလက်ရွေးစင်တိုက်စစ်မှူး အိုလီဗီယာစမစ်ဟာ အမျိုးသမီးဘောလုံးလောကမှာ ပြောင်းရွှေ့ကြေးပေါင်(၁)သန်းအမှတ် ရောက်ရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

အရင်က အမျိုးသမီးဘောလုံးလောကမှာ ပြောင်းရွှေ့ကြေး ပေါင်(၉၀၀၀၀၀)ပေးချေရတာက အမြင့်ဆုံးစံချိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အမေရိကန်နောက်ခံလူ နာအိုမီဂါမာကို ဆန်ဒီယေဂိုဝေ့ဗ်အသင်းဆီကနေ ချယ်လ်ဆီးအသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အခု အိုလီဗီယာစမစ်က အဲဒီစံချိန်ကို ချိုးဖျက်ပြီး အမျိုးသမီးဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့သလို၊ ပြောင်းရွှေ့ကြေးပေါင်(၁)သန်းအမှတ်ကို ရောက်ရှိတဲ့ ပထမဆုံးအမျိုးသမီးဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

အိုလီဗီယာစမစ်(၂၀ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာမှ စပို့တင်းလစ္စဘွန်းကနေ လီဗာပူးလ်အသင်းကို ပေါင်(၂၀၀၀၀၀)နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဒီပြောင်းရွှေ့ကြေးကလည်း လီဗာပူးလ်အသင်းရဲ့သမိုင်းမှာ စံချိန်သစ်ဖြစ်ခဲ့ပါတယ်။

အိုလီဗီယာစမစ်က အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ဂုဏ်ယူစရာကောင်းကြောင်းနဲ့ အင်္ဂလန်ရော ဥရောပမှာပါ အမြင့်ဆုံးဆုဖလားတွေကို ရယူသွားဖို့က မိမိရဲ့ အိပ်မက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...