• Home
  • Transfer News
  • လိုင်ယွန်အသင်းမှာ အငှားနဲ့ ပြောင်းရွှေ့ကစားဖို အန်းဒရစ် နီးစပ်နေ

လိုင်ယွန်အသင်းမှာ အငှားနဲ့ ပြောင်းရွှေ့ကစားဖို အန်းဒရစ် နီးစပ်နေ

လိုင်ယွန်အသင်းမှာ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ အန်းဒရစ် နီးစပ်နေ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အန်းဒရစ်က လိုင်ယွန်အသင်းမှာ သွားရောက်ကစားဖို့ ဆန္ဒရှိနေသလို၊ အသင်းနှစ်သင်းကလည်း ညှိနှိုင်းမှုတွေ အဆင်ပြေတာကြောင့် အန်းဒရစ်ကို ပြင်သစ်လိဂ်မှာ မြင်တွေ့ရတော့မှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်မပါဝင်တဲ့ အငှားသက်သက်သာဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ အန်းဒရစ်ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် (၁၁)မိနစ်သာ ကစားခွင့်ရသေးတဲ့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ပွဲကစားခွင့်ရမယ့်အသင်းဆီ အငှားပြောင်းရွှေ့ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အန်းဒရစ်ဟာ ၂၀၂၄ နွေရာသီမှာ ပါးလ်မီးရပ်စ်ကနေ ရီးယဲလ်အသင်းကို ယူရို(၇၂)သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၃၇)ပွဲ ကစားခွင့်ရခဲ့ပေမဲ့ နည်းပြသစ် အလွန်ဆိုလက်ထက်မှာ နေရာပျောက်နေခဲ့တာပါ။

လိုင်ယွန်အသင်းဟာ အန်းဒရစ်ကို အငှားခေါ်ယူမှုအတွက် ငှားရမ်းခ ပေးချေရမှာမဟုတ်ဘဲ လစာကိုသာ အပြည့်အဝပေးချေသွားရမယ်လို့ သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...