• Home
  • Football News
  • FIFA WORLD CUP
  • ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို စီရော်နယ်လ်ဒို အတည်ပြု

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို စီရော်နယ်လ်ဒို အတည်ပြု

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ စီရော်နယ်လ်ဒို အတည်ပြု

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေပေမဲ့ ဆော်ဒီမှာပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားကွန်းဖရန့်ကို အွန်လိုင်းက တက်ရောက်နေစဉ်မှာ CNN က အနားယူမယ့်အချိန်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်သလားဆိုတဲ့ မေးမြန်းမှုကို စီရော်နယ်လ်ဒိုက ” သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် (၄၁)နှစ်ပြည့်တော့မှာကြောင့်ပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကြာရင် အနားယူတော့မယ်လို့လည်း ဆိုခဲ့ပါတယ်။

”လက်ရှိအခိုက်အတန့်မှာ အရမ်းကောင်းနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ဂိုးတွေ သွင်းတယ်။ မြန်ဆန်ပြီး ထက်ထက်မြက်မြက်ရှိနေတယ်လို့လည်း ခံစားရပါတယ်။ ပျော်ရွှင်ရတဲ့ အခိုက်အတန့်ပါ။ ဒါပေမဲ့ မကြာခင် အနားယူတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဘောလုံးအတွက် ကျွန်တော် အားလုံး ပေးအပ်ခဲ့ပြီးပါပြီ။ အနည်းဆုံး (၂၅)နှစ်တာကာလမှာ အရာအားလုံးလည်း လုပ်ဆောင်ခဲ့ပြီးပါပြီ။ မကြာခင်ဆိုတဲ့အဓိပ္ပာယ်က တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ပါ” လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ် ယှဉ်ပြိုင်ခဲ့သူဖြစ်တာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့အတွက် (၆)ကြိမ်မြောက် ဖြစ်လာမှာပါ။

ပေါ်တူဂီအသင်းက လောလောဆယ် ခြေစစ်ပွဲမအောင်သေးပေမဲ့ နှစ်ပွဲအလိုမှာ ဒုတိယနေရာကအသင်းကို (၅)မှတ်ဖြတ်ထားတာကြောင့် အိုင်ယာလန်၊ အာမေးနီးယားတို့နဲ့ ရင်ဆိုင်ရမယ့်နှစ်ပွဲမှာ နှစ်မှတ်ရရုံနဲ့ ခြေစစ်ပွဲ အောင်တော့မှာပါ။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...