
အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ စပါးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။
ရယ်ဂီလွန်(၂၈ နှစ်)ဟာ ၂၀၂၀ ခုနှစ်မှာ ရီးယဲလ်ကနေ စပါးကို ပေါင်(၂၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လမ်းမခွဲခင်ကာလအတွင်း အက်သလက်တီကို၊ မန်ယူနဲ့ ဘရန့်ဖို့ဒ်အသင်းတွေဆီ အငှားချခံခဲ့ရပါတယ်။
ဒီနွေမှာတော့ စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတာပါ။
ရယ်ဂီလွန်ကို အီရန်ကလပ်အသင်းတစ်သင်းက ကမ်းလှမ်းထားပြီး ရယ်ဂီလွန်က တစ်နှစ်လုပ်ခ ဒေါ်လာ(၄)သန်း တောင်းဆိုထားတယ်လို့လည်း သတင်းထွက်နေပါတယ်။
လက်ရှိအချိန်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေအနက် နည်းပြ ဒေးဗစ်မွိုက်စ် ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းက ခေါ်ယူနိုင်ခြေအရှိဆုံးဖြစ်နေကြောင်းလည်း သိရပါတယ်။









