
ဂရိကလပ် AEKအေသင်အသင်းမှာ ကစားနေတဲ့ မန်ယူနိုက်တက်တိုက်စစ်ကစားသမားဟောင်း မာစီယဲလ်ဟာ မက္ကဆီကိုကလပ် မွန်တာရေး အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
မာစီယဲလ်(၂၉ နှစ်)ဟာ မွန်တာရေးအသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
မွန်တာရေးအသင်းဟာ စပိန်နာမည်ကျော်နောက်ခံလူ ရာမို့စ် ကစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။
မာစီယဲလ်ဟာ ၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ မန်ယူနိုက်တက်အသင်းထံ ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကမာ့တန်ဖိုးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၃၁၇ ပွဲကစားကာ ဂိုး ၉၀ သွင်းယူခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီမှာ မန်ယူနိုက်တက်အသင်းက ထွက်ခွာကာ AEK အေသင်အသင်းကို ရောက်ရှိခဲ့ပြီး ၁၉ ပွဲကစား ခုနစ်ဂိုး သွင်းယူခဲ့ပါတယ်။









