
အာဆင်နယ်အသင်းဟာ လေဗာကူဆင်အသင်းက အီကွေဒေါနောက်ခံလူ ဟင်ကာပီယာကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ဟင်ကာပီယာ (၂၃ နှစ်) ကို စပါးအသင်းက ခေါ်ယူဖို့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကြိုးပမ်းခဲ့ပေမဲ့ ငွေပေးချေမယ့်ပုံစံနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်ခဲ့ကြောင်း သတင်းထွက်ခဲ့တဲ့နောက်မှာ အာဆင်နယ်အသင်းက ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟင်ကာပီယာက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့အတွက် အာဆင်နယ်အသင်းက လက်ရှိအချိန်မှာ လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးနေပြီလို့ သိရပါတယ်။
လေဗာကူဆင်အသင်းက ဟင်ကာပီယာကို ယူရိုသန်း ၆၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ကစားသမားရဲ့ ဆန္ဒအရ စျေးလျှော့ပြီး ရောင်းချပေးဖွယ်ရှိကြောင်းလည်း သိရပါတယ်။
ဟင်ကာပီယာဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် အာဆင်နယ်အသင်းမှာ ကစားခွင့်ရတဲ့ ပထမဆုံးအီကွေဒေါကစားသမားအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။









