• Home
  • Transfer News
  • အာဆင်နယ်လူငယ်ကြယ်ပွင့် နွမ်နယ်ရီ ကာလရှည်စာချုပ်သစ် ချုပ်ဆို

အာဆင်နယ်လူငယ်ကြယ်ပွင့် နွမ်နယ်ရီ ကာလရှည်စာချုပ်သစ် ချုပ်ဆို

အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား နွမ်နယ်ရီဟာ သြဂုတ် ၈ ရက် ညပိုင်းမှာ အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ နွမ်နယ်ရီဟာ ပြီးခဲ့တဲ့ရာသီမှာ စီနီယာအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲကစား၊ ၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အာဆင်နယ်အသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့ပြီး အဲဒီအချိန်တုန်းက ၁၅ နှစ်၊ ၁၈၁ ရက်ပဲ ရှိသေးတာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်ထားပါတယ်။

အာဆင်နယ်အသင်းက နွမ်နယ်ရီနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကို ထုတ်ပြန်ခြင်းမရှိပေမဲ့ ၅ နှစ်စာချုပ်ဖြစ်တယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

နွမ်နယ်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ PFA လူငယ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင် ၆ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...