
ဘာစီလိုနာအသင်းက စပိန်နောက်ခံလူ အင်နီဂိုမာတီနက်ဇ်ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
အင်နီဂိုမာတီနက်ဇ်ဟာ ၂၀၂၃ နွေရာသီမှာ ဘီလ်ဘာအိုကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၆ မှာ ကုန်ဆုံးမှာပါ။
အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ အင်နီဂိုကို ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းပေးဖို့ သဘောတူလိုက်ပြီဖြစ်ပြီး အယ်လ်နာဆာအသင်းက အင်နီဂိုကို ကနဦး တစ်နှစ်စာချုပ်ချုပ်ဆိုပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
ဘာစီလိုနာအသင်းဟာ ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ဖို့အတွက် အသင်းက ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေပြီး အင်နီဂိုကို စာချုပ်ဖျက်သိမ်းလိုက်တဲ့အတွက်လည်း သက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။
အင်နီဂိုဟာ ဘာစီလိုနာအသင်းမှာ ပွဲ(၇၀)ကျော်သာ ကစားခဲ့ရပေမဲ့ ဆိုစီဒက်၊ ဘီလ်ဘာအိုအသင်းတွေနဲ့အတူ အတွေ့အကြုံကြွယ်ဝခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။









