
ွမ်မီနေးက ဒိန်းမတ်နဲ့ပွဲမှာ မှော်ဆန်တဲ့
နောက်ပြန်ကန်ချက်သွင်းဂိုးရရှိအောင် မြက်ခင်းပြင်ကနေ
အတော်မြင့်မားစွာခုန်ခဲ့ရပြီး လေထဲကဘောလုံးနဲ့
သူ့ခြေထောက်ထိတွေ့ချိန်မှာအမြင့် (၈)ပေ(၃)လက်မအထိရှိနေခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ စီရော်နယ်လ်ဒိုကလည်း
အမိုက်စားနောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူဖူးပါတယ်။
သူ့ရဲ့သွင်းဂိုးမှာ လေထဲကဘောလုံးနဲ့
သူ့ခြေထောက်ထိတွေ့ချိန်မှာ အမြင့် (၇)ပေ(၇)လက်မအထိ
ရှိခဲ့ပါတယ်။
တွမ်မီနေးက စီရော်နယ်လ်ဒိုရဲ့စံချိန်ကို
ကျော်ဖြတ်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။









