• Home
  • Team News
  • ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ အာဆင်နယ်အသင်း စီစဥ်နေ

ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ အာဆင်နယ်အသင်း စီစဥ်နေ

ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ အာဆင်နယ်အသင်း စီစဥ်နေ

အာဆင်နယ်အသင်းဟာ ဒဏ်ရာက ပြန်ကောင်းလာပြီဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ စီစဥ်နေကြောင်း သိရပါတယ်။

၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျေးဇူးဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် အာဆင်နယ်အသင်းက လာမယ့်ဇန်နဝါရီစျေးကွက်မှာ ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ စီစဥ်နေတာပါ။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဂျေးဇူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒူးအရွတ်ဒဏ်ရာရရှိတာကြောင့် ကာလရှည်အနားယူနေရပေမဲ့ လက်ရှိအချိန်မှာ ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်တာကြောင့် လာမယ့် ဒီဇင်ဘာမှာ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။

ဂျေးဇူးက အာဆင်နယ်အသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပေမဲ့ အာဆင်နယ်အသင်းက နေရာပေးလိုခြင်းမရှိတော့ဘဲ အပြီးသတ်ခေါ်ယူမယ့်အသင်းမရှိရင်တောင် အငှားချသွားမယ်လို့ သိရပါတယ်။

ဂျေးဇူးကလည်း အာဆင်နယ်မှာ ရရှိနေတဲ့ လစာနှုန်းထားအတိုင်း တစ်ပတ်ပေါင် ၂၆၅၀၀၀ ရရှိရင် အသင်းပြောင်းရွှေ့ကစားဖို့ လက်ခံသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဂျေးဇူးကို ခေါ်ယူဖို့ ဘုန်းမောက်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...