
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပြီလို့ သတင်းထွက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားနိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။
နာမည်ကျော် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)နီးပါးက ကြည့်ရှုခွင့်ရနေပေမဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ ပိတ်ပင်ထားတာပါ။
အခု ကင်ဂျုံအွန်က ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပေမဲ့လည်း ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း သိရပါတယ်။
အဓိကကန့်သတ်ထားတဲ့အချက်တွေကတော့ (၁)ပရီးမီးယားလိဂ်ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာမဟုတ်ဘဲ တည်းဖြတ်ပြီးမှ ပြသရမှာပါ။ (၂) ဘောလုံးပွဲတစ်ပွဲက မိနစ်(၉၀) ယှဉ်ပြိုင်ရတာဖြစ်ပေမဲ့ မိနစ်(၆၀)သာကြာမြင့်အောင် တည်းဖြတ်ပြီးမှ ပြသရမှာပါ။ (၃) ကွင်းအတွင်းက အင်္ဂလိပ်စာလုံးတွေအားလုံးကို မြောက်ကိုရီးယားဂရပ်ဖစ်တွေနဲ့ ဖုံးအုပ်ပြီးမှ ပြသရမှာပါ။ (၄) တောင်ကိုရီးယားကစားသမားတွေရဲ့ ပုံရိပ်တွေကို ဖယ်ရှားပြီးမှ ပြသရမှာပါ။ (၅) LGBTQ+ နဲ့ ပတ်သက်တဲ့ ပုံရိပ်သင်္ကေတတွေကိုလည်း ဖယ်ရှားပြီးမှ ပြသရမှာပါ။
ကင်ဂျုံအွန်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြည့်ရှုလေ့ရှိသူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။









